မြတ်နိုး၊ ဧပြီ ၂ ရက်၊ မိုးညင်း

ငလျင်ဘေးအတွက် ကယ်ဆယ်ဖို့ အရေးကြီးနေချိန်မှာ စစ်ကောင်စီတပ်က မိုးညင်းခရိုင်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှု ရှိခဲ့တယ်လို့ ဒေသခံအပြင် KIA နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

မနေ့ ဧပြီ ၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း တနိုင်းကနေ မြစ်ကြီးနားဘက် ဆင်းလာတဲ့ ခရီးသည်တင် AD Van ကို မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒရုန်းနဲ့ ၂ ခါ ဗုံးကြဲခဲ့တာကြောင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကားလည်း ပျက်စီးသွားတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့က တနိုင်းလမ်းမှာ ခရီးသည်တင် ကားလေးတစ်စီး ဒရုန်းဗုံး ကြဲခံရတယ်။ လဝါးရွာဘက် မနေ့ည လေကြောင်းနဲ့ ဗုံး ပြန်လာကြဲတယ်။ နေအိမ် အများစု ပျက်စီးသွားပြီ” လို့ သူက ပြောပါတယ်။

ဒွမ်ဘန်၊ လဝါးဘက်က ဒေသခံတွေရဲ့ နွားတွေကိုလည်း မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေက သတ်ဖြတ်ပြီး စားကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တနိုင်းလမ်းတစ်လျှောက် စစ်ရေး တင်းမာနေပြီး ဒွမ်ဘန်နဲ့ ကွမ်စိုင်ယာန်ကြား မနေ့ ဧပြီ ၁ ရက်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက် ညနေပိုင်းက KIA တပ်မဟာ(၈)၊ သင်တန်းနေရာဘက် လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သင်တန်းသား အယောက် ၃၀ ကျော် သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“သင်တန်းနေရာကို တိတိကျကျ လာပစ်တယ်ဆိုတော့ စစ်ကောင်စီကို အတိအကျ ပြောပြနေတဲ့ ဒလန် ရှိနေလို့ပေါ့” လို့ KIA၊ PDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၃၁ ရက် ညနေ ၅ နာရီကျော်မှာလည်း KIA တပ်မဟာ(၈)၊ တပ်ရင်း(၅)က ဝှေခါအနီးမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး အင်းတော်ဘက်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာလည်း ဒီရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဗုံးကြဲ ရှင်းလင်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။

လူထုတွေက ငလျင်ဘေးဒဏ်ကို အပြင်းအထန် ကြုံနေရပြီး ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေချိန် စစ်တပ်ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ စစ်ရေး တင်းမာနေတဲ့ နေရာတွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။