မိုင်းပန်ပျော်၊ ဇန်နဝါရီ ၁၉ ရက်၊ ၁၀၅ မိုင်

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်မှာ သတ်မှတ်ထားတဲ့ အခွန်ထက် ပိုကောက်နေကြောင်း ကားသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ နမ့်ဖတ်ကာကနေ မူဆယ်မြို့ဘက် ပဲပုပ် ၁ဝ အိတ် တင်သွားတဲ့ ကားတစ်စီးကို ငွေ ၁ သိန်းခွဲ တောင်းခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်တင်ကားသမားတစ်ဦးက ပြောပါတယ်။

“ကုန်တွေဆိုရင် တစ်တန်ကို တရုတ်ယွမ်ငွေ ၁ဝဝ ကောက်တာ။ အဲနေ့က ဘီးလိမ့်ခွန်ဆောင်ရင်း ကုန်စည်ခွန်လည်း သွားဆောင်လိုက်တယ်။ သွားဆောင်တဲ့အချိန်မှာ ပဲပုတ် ၁ အိတ်ကို ဘယ်လောက် ဆောင်ရမလဲ မေးတော့ တစ်အိတ်ကို (၁,၂၀၀)တဲ့။ ပြီးတော့ သူတို့ရဲ့လူကြီးဆီ ဖုန်းပြန်ဆက်လိုက်တယ် ပဲပုတ် ဆယ်အိတ်က ဘယ်လောက် ဆောင်ရမလဲ တစ်သိန်းခွဲ ဆောင်ရမယ်တဲ့။ လူကြီးက ဆောင်ခိုင်းလို့တဲ့ မပေးနိုင်လို့ ညှိရင်း ၄ သောင်းခွဲဘဲ ပေးလိုက်တယ်”

၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတ်မှတ်ထားတာထက် ပိုကောက်တာကြောင့် ကုန်သည်နဲ့ ကုန်တင်ကားသမားတွေ အခက်အခဲ ကြုံနေရတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ကားသမား ပြောဆိုချက်နဲ့ ပတ်သက်ပြီး ၁ဝ၅ မိုင်မှာရှိတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က တာဝန်ရှိသူတွေကို ရွှေဖီမြေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပေ။

ဒါ့အပြင် အခွန်ဌာနမှာ လုပ်ဆောင်နေသူက မြန်မာစကား မကျွမ်းကျင်မှုကြောင့် စစ်ဆေးတာ အချိန်ကြန့်ကြာစေပြီး ဆုံးဖြတ်ချက် ချတာလည်း မပြတ်သားတာကြောင့် ကားသမားတွေကို ခရီးကြန့်ကြာစေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မေလအတွင်းမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် စစ်ဆေးရေးဂိတ်မှာ ကောက်ခံနေတဲ့ အခွန်တွေကို လျှော့ပေ့ါ ကောက်ခံပေးဖို့ ကားသမားတွေ တောင်းဆိုခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။