ဓာတ်ပုံ – CJ

ပျားကြီး၊ ဖေဖော်ဝါရီ ၇ ရက်၊ ရန်ကုန်

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်ကို စစ်ကောင်စီခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ ရွှေပြည်သာ သပိတ်ကော်မတီရဲ့တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (10D)မှာ ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲ ပြုလုပ်ပြီး ညပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်ကို မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ အင်းစိန်ထောင်တွင်းစစ်ခုံရုံးက ထောင်ဒဏ်အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

“၅၀၅(က)နဲ့ ချတာ။ အလုပ်ကြမ်း ပါတယ်။ ၃ နှစ်ပေါ့။ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးကိုတောင်းဆိုလို့ ထောင်ချခံရတာ ဖြစ်တယ်။ ဒီလို ထောင်ချလိုက်လို့လည်း ကျနော်တို့ကတော့ စစ်အာဏာရှင် ကျဆုံးရေးအတွက်ဆက်လက် တိုက်ပွဲဝင်သွားအုံးမှာ ဖြစ်ပါတယ်” လို့ ရွှေပြည်သာ သပိတ်ကော်မတီ- SPTSC ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အလံကို မီးရှို့ဖျက်ဆီးပြီး လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာကြောင့် အခုလို ဖမ်းဆီးထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။