ခိုင်လေး၊ ဇန်နဝါရီ ၁၅ ရက်၊ ချောက်

မကွေးတိုင်း ချောက်မြို့နယ် လင်းတကိုင်းတိုက်နယ်ထဲ စစ်တပ်က ဝင်ရောက် စီးနင်းပြီး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဒေသခံတွေရဲ့ ငွေကြေးနဲ့ပစ္စည်း လုယက်သွားပြီးတော့ နေအိမ် ၃ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းကစပြီး ချောက်မြို့ အရှေ့တောင်ဘက်မှာရှိတဲ့ လင်းတကိုင်းတိုက်နယ်က ကျေးရွာထဲ ခန့်မှန်းအင်အား ၆၀ နဲ့ ဝင်ရောက်ခဲ့တာလို့ Chauk Guerrilla Force- CGF ရဲ့ တာဝန်ခံ ကိုပိုင်က ရွှေဖီမြေကို ပြောပါတယ်။

ငွေကြေးနဲ့ပစ္စည်း လုယက်တာ၊ နေအိမ် မီးရှို့မှုအပြင် လင်းတကိုင်းတိုက်နယ်ဆေးရုံက ဆေးဝါးကိုလည်း ကား ၆ စီးနဲ့ သယ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီဒေသတွေမှာ တိုက်ပွဲ ဖြစ်တဲ့အခါ ဆေးဝါးကုသမှု အလွယ်မရနိုင်အောင် တမင်လုပ်တာ ဖြစ်တယ်။ လက်ရှိမှာတော့ အကုန်လုံး အဆင်ပြေသွားပါပြီ။ မီးရှို့ခံရတဲ့ နေအိမ်တွေကိုလည်း ကျနော်တို့တပ်က မီးငြိမ်းသတ်နိုင်ခဲ့ပါပြီ။ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါဗျ”

CGF နဲ့ ပူးပေါင်းအဖွဲ့က စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို ၆၀ မမ လက်နက်ကြီး ၈ လုံး ပစ်ခတ်တိုက်ခိုက်ရာ ရန်သူဘက်မှ ထိခိုက်သေဆုံးမှု ရှိပြီးတော့ အဝေးကနေ ပစ်ခတ်တဲ့ လက်နက်အမျိုးအစား ဖြစ်တဲ့အတွက် အချက်အလက် အတိအကျ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ချောက်မြို့ အရှေ့တောင်ဘက်မှာရှိတဲ့ လင်းတကိုင်းတိုက်နယ်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ချောက် ပကဖနဲ့ PDF ရဲ့ ကင်းပွိုင့်စခန်းရှိတဲ့ ဆည်ခံရွာကို စစ်တပ်ဘက်က ဝင်ရောက်စီးနင်းရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ခုခံမှုကြောင့် စစ်ကောင်စီတပ် အထိနာခဲ့ဖူးတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။