ဓာတ်ပုံ – AA

အိုက်ပွီး၊ သြဂုတ် ၂၇ ရက်၊ မြောက်ဦး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင်း ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးနဲ့ ကလေး နှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၅ နှစ်အရွယ် မောင်အောင်အောင်နဲ့ အသက် ၃၀ ကျော်အရွယ် ဒေါ်အေးစန္ဒာတို့ဖြစ်ပြီး မနေ့ သြဂုတ်လ ၂၆ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

“ဒဏ်ရာရတဲ့ အယောက် ၂၀ ထဲက ကလေးတစ်ယောက် မနေ့ နေ့လယ်မှာ သေဆုံးတယ်။ ညနေပိုင်းမှာ အမျိုးသမီးတစ်ယောက် ထပ်သေဆုံးတာပါ။ ဗုံးကြဲတုန်း ပြင်းထန်ဒဏ်ရာရနဲ့ သေဆုံးသွားတာပါ” လို့ မြောက်ဦးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာကို ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီအချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွင်း သေဆုံးသူ ကလေးအပါအဝင် ၂၄ ဦးထိ ရှိလာတာလည်း ဖြစ်ပါတယ်။

မနေ့ သြဂုတ်လ ၂၆ ရက် ညနေ ၃ နာရီအချိန်ကလည်း မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ဗုံးသီး သုံးလုံး ကြဲချသွားတယ်လို့ သိရပါတယ်။

“မင်းပြားနဲ့ မြေပုံမြို့နယ်အစပ်က ရွာကို လေယာဥ်နှစ်စီးလောက်နဲ့ ဗုံးသီး သုံးလုံးလောက် ဗုံးကြဲသွားတာပါ။ လူထိခိုက်မှုတော့ မရှိဘူး။ လူတွေက စိုးရိမ်ထိတ်လန့်နေကြတယ်” လို့ မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သားထိခိုက်မှု မရှိပေမယ့် ပြည်သူတွေ စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

အလားတူ မနေ့ညနေ ၅ နာရီခန့်မှာလည်း ပေါက်တောမြို့နယ်မှာရှိတဲ့ ပေါက်တော – တောင်ညို ကားလမ်းကြား သပိတ်တောင်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီသပိတ်တောင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အရပ်သားတွေရှိပေမယ့် ဆက်သွယ်ရေး ဖုန်းလိုင်းခက်ခဲမှုကြောင့် ထိခိုက်မှု အခြေအနေ မသိရသေးဘူးလို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။