ဓာတ်ပုံ- Kawlin Info

ခိုင်လေး၊ ဧပြီ ၁၁ ရက်၊ ကောလင်း

‎စစ်ကိုင်းတိုင်း ကောလင်းမြို့ တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်လာပါတယ်။

‎ဒီနေ့ နေ့လယ် ၃ နာရီခွဲက ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကောလင်း ဒေသခံတစ်ဦးက ရွှေ‌ဖီမြေကို ပြောပါတယ်။

‎”စစ်ရှောင်နေအိမ် တစ်လုံးပေါ် ကျတာ။ ၅၆ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးက ပွဲချင်းပြီး သေသွားတယ်။ နောက် အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးက ဆေးရုံသွားပို့ရင်း လမ်းမှာတင် သေဆုံးသွားတာ။ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်”

‎အင်း‌တော်မြို့ကို စစ်တပ်က ဧပြီ ၇ ရက်ညနေပိုင်းမှာ လက်လွှတ်လိုက်ရတာကြောင့် အင်းတော်အနီးတစ်ဝိုက်က ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

‎ဒီနေ့မနက်အစောပိုင်းကလည်း စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးသာ ပေါက်ကွဲပြီး ကျန်တစ်လုံးက မပေါက်ကွဲသေးဘူးလို့ ဆိုပါတယ်။

‎မနေ့ ဧပြီ ၁၀ ရက်က ကောလင်းမြို့ အင်ပင်လှရွာ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း ဝန်းသိုမြို့နယ် နမ့်ခမ်းရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၂၆ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။