ဓာတ်ပုံ- SW

လွေးထွေး၊ မေလ ၁၈ ရက်၊ မန္တလေး

မန္တလေးတိုင်း ကျောက်ဆည်မြို့အနောက်ဘက် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၅.၂ အဆင့်ရှိတဲ့ ငလျင် ထပ်မံ လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းရှိ အဆောက်အဦးတချို့ ထပ်ပြိုခဲ့သလို ကလေးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မေလ ၁၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီက လှုပ်ခတ်ခဲ့ချိန် အက်ကွဲခဲ့တဲ့ မန္တလေးတိုင်း ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ စက်မှု စတဲ့နေရာက အဆောက်အဦး ၁၀ အိမ်ထက်မနည်း ထပ်မံ ပြိုကျခဲ့တာ ဖြစ်ပါတယ်။

စက်မှု ၁ နေ အမျိုးသမီးက “မနေ့ည စက္ကန့် ၃၀ လောက် ထပ်လှုပ်တာ။ အဲချိန်မှာ ဟိုတခါက ယိုင်နေတဲ့အိမ်၊ ကွဲကြောင်း ဖြစ်နေတဲ့အိမ် ၅ လုံးလောက် ပြိုကျတာ။ လူတွေ မနေတော့လို့ လူထိခိုက်သေတာတော့ မရှိဘူး” လို့ ပြောပါတယ်။

ငလျင်လှုပ်ချိန် မဟာအောင်မြေမြို့နယ် ရွှေကူဘုန်းကြီးကျောင်းတိုက်မှာ ဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင် လဲကျလို့ ငလျင်ဘေး သင့်ခဲ့သူ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးအပေါ် ကျခဲ့လို့ သေဆုံးသွားကြောင်း ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မဟာအောင်မြေမြို့နယ်နေ အမျိုးသားက “ဟိုတခါ လှုပ်ပြီးတဲ့နောက် ငလျင်က ထပ်လှုပ်ပေမဲ့ မနေ့ညလောက် မပြင်းဘူး။ ဟိုဘက်တစ်လမ်းကျော်က ယိုင်နေတဲ့ ၃ ထပ်အိမ်တွေ၊ ၂ ထပ်အိမ်တွေ ပြိုကျတာ ရှိတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့အပြင် ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံ၊ စစ်ကိုင်း၊ မုံရွာ၊ ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နမ့်ခမ်း၊ မူဆယ်နဲ့ နမ့်ဆန် စတဲ့နေရာဒေသတွေမှာပါ ငလျင် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။