ရွှေဖီမြေ၊ မေလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၁) နှစ်အရွယ် G-3တန်း တက်ရောက်နေဆဲဖြစ်တဲ့ ကျောင်းသူ ၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် မပြည့်ပြည့်ငြိမ်း (အသက် ၁၁ နှစ်)က ဒီနေ့ မေလ ၁၄ ရက် မနက်ခင်းပိုင်းမှာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့ရပြီး ဒီပဲယင်းမှာ သေဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
မနေ့ မေလ ၁၃ ရက်မှာလည်း ပြင်းထန်တဲ့ဒဏ်ရာကြောင့် G-2အတန်းက မောင်အောင်ဇေယျ (အသက် ၈ နှစ်) က သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ စာသင်ပေးနေတဲ့ ဆရာမ ၂ ဦးနဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသူ၊ကျောင်းသား ၂၂ ဦးတို့ ဖြစ်ကြပါတယ်။
မနေ့ မေလ ၁၃ ရက်မှာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။
ငလျင်ဒဏ်ကြောင့် အပစ်ရပ်ကာလကို ၁လ ထပ်မံတိုးမြှင့်လိုက်ကြောင့် စစ်ကောင်စီဘက်က ကြေငြာခဲ့ပေမယ့် တစ်နိုင်ငံလုံးကို လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပါတယ်။