မြတ်နိုး၊ ဇန်နဝါရီ ၂၉ ရက်၊ ပန်ဆိုင်း

မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့က ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ကိုးကန့်တပ်- MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် တရုတ်ငွေ ယွမ် ၃ သောင်း ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တရားရေးရာနဲ့ ကလေး မိသားစုဝင် မပါဘဲ ကျူးလွန်တဲ့သူကို ကိုးကန့်တပ်က အမိန့်ချမှတ်လိုက်တာလို့ ဆိုပါတယ်။

“အဲဒီ တရားစီရင်ချက် မချခင် အိမ်ကို တရုတ်ယွမ် ၆,၅၀၀ တော့ လာပေးဖူးတယ်။ အဲဒီ လာပေးတဲ့ တရုတ် ယွမ် ၆,၅၀၀ က ဒီအမှုနဲ့ ပတ်သက်လားလို့ ကျနော်တို့ မေးတော့ မပတ်သက်ဘူး။ ဒီငွေက ကလေးနဲ့ သားအမိတွေ အရမ်းခက်ခဲလို့ ကျနော်တို့ စေတနာနဲ့ လာပေးတာလို့ပြောတယ်။ အရင်တလောက သူတို့ တရားစီရင်ချက် ချပြီးပြီ။ အကြောင်းစုံ ပြောပြမယ်ဆိုလို့ လိုက်သွားတော့ စစချင်း တရုတ်ယွမ် ၆,၅၀၀ နဲ့ ဗမာငွေ တစ်သိန်းကျော် ပေးပြီးပြီတဲ့။ အဲဒါကြောင့် ယွမ် သုံးသောင်းထဲက နှုတ်တယ်ဆိုပြီး ယွမ် ၂၄,၀၀၀ ပဲ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ သူတို့ တရားစီရင်ချက်တွေ ရေးထားတဲ့အထဲမှာလည်း မမှန်မကန်တွေပဲ ရေးထားတယ်” လို့ ကလေးငယ်အရေး ကူညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

MNDAA ဘက်က ကလေးမိခင်မပါဘဲ တရားစီရင်ချက် ချတာကြောင့် ကလေးမိခင်က သဘောမတူဘဲ ကန့်ကွက်ထားသလို ကလေးမိခင် ပါဝင်ပြီး တရားစီရင်ချက်ချဖို့ MNDAA ကို စာပို့ တောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ကလေးမိခင်က သဘောမတူဘူး။ MNDAA ဘက်က တရားစီရင်ချက် ချတာ မှားနေတယ်ဆိုပြီး စာ ပြန်တင်တယ်။ ဒီကလေး အမေ ပါဝင်ပြီး တရားစီရင်ချက် ချဖို့တော့ ပြောထားတယ်။ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး” လို့ သူက ရှင်းပြပါတယ်။

အခုလို အမိန့်ချတာကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အမိန့်ချမှတ်တဲ့နေရာမှာလည်း သက်ဆိုင်သူ ပါဝင်ဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်က MNDAA ထိန်းချုပ်ထားတဲ့ ကြူကုတ်ပန်ဆိုင်းမြို့ရှိ ကျူးမြန့် ဝင်းထဲ နေထိုင်တဲ့ MNDAA တပ်သား အသက် ၄၀ ကျော်အရွယ် ချင်းရှောက်ဆိုသူက ၂ နှစ်နဲ့ ၅ လအရွယ် ကလေးငယ်ကို အဓမ္မ ပြုကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။