ဓာတ်ပုံ – CJ

ပို့လဘား၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မုံးစီး

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ဆိုင်းခေါင်ကျေးရွာမှာ ကလေးငယ် ၂ ဦး ဗုံး‌ ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကလေးငယ် ၂ ဦးက M9 ဗုံးသီးအမျိုးအစားကို ယူကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဘေးအိမ်က အဒေါ်တစ်ယောက် အဲဗုံးကို ဘယ်ကနေ ယူလာလဲတော့ မသိဘူး။ သူ့အိမ်မှာရှိတဲ့ ကုတင်အောက် ထား ထားတာ။ အဲကလေးနှစ်ယောက်က သူ့အိမ်မှာ သွားမွှေတာပေါ့။ ကလေးဆိုတော့လေ သူများအိမ်မှာ မွှေတတ်တယ်။ သူတို့နှစ်ယောက် မွှေရင်းနဲ့ အဲဗုံးကို တွေ့ပြီး ယူသွားလိုက်တာ။ သူတို့‌အိမ်ဘေးမှာ အဲဗုံးကို ခွဲလိုက်တာပေါ့။ ဗုံးက ပေါက်ပြီး တစ်ယောက်က ပွဲချင်းသေဆုံးသွားပြီး တစ်ယောက်ကတော့ ဒဏ်ရာ ရတယ်”

သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၁၂ နှစ်အရွယ် မိုင်းညီလင်းထက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကတော့ ၁၂ နှစ်အရွယ် မိုင်းအိုက်ကယ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်း နင်းမိသူ ၅ ဦး ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ရွာမှာ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။