မိုင်းရူပ၊ စက်တင်ဘာ ၁၈ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ပန့်ဆီဆိုင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၈ ရက် နေ့လည် ၅ နာရီခွဲဝန်းကျင်မှာ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၂) ရှိ ကုန်စုံဆိုင်နဲ့ ပန့်ဆီဆိုင်ရောင်းတဲ့ နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ကုန်စုံဆိုင်နဲ့ ဓာတ်ဆီဆိုင် ပေါင်းဖွင့်တာ။ မီးလောင်တာက ပန့်ဆီပေါက်ကွဲတာကနေပဲ စတာ။ သူတို့အိမ် ၃ လုံးရှိတယ်။ အကုန် မီးထဲပါသွားတယ်” လို့ နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မီးလောင်မှုကြောင့် တခြားနေအိမ်တွေ မီးကူးတာ မရှိဘဲ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာလည်း နမ့်ဖတ်ကာ ရပ်ကွက် (၂) မှာ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။
နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။