ဓာတ်ပုံ – KNU

ပို့လဘား၊ စက်တင်ဘာ ၁၈ ရက်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲတောင်စခန်းကဘက်နေ ထားဝယ်မြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ကို ကရင်အမျိုးသားတပ်မတော် KNLA တပ်မဟာ (၁၄) တပ်ရင်း (၁၂) က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က “သူတို့ တပ်ချိန်းတဲ့အချိန်မှာပေါ့နော်။ ကျောက်မဲတောင်ကနေ ထားဝယ်ဘက်ကို ပြန်ဆင်းမယ်။ ထားဝယ်ဘက်ကနေ ကျောက်မဲတောင်ဘက်ကို ပြန်တက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ရှိမယ်။ အဲမှာ တော်လှန်ရေးတပ်တွေက ထားဝယ်ဘက်ကို တက်လာတဲ့ သူတွေကို ကြားဝင်တိုက်ခဲ့တယ်။ ပကာရီကျေးရွာမှာလည်း တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်ခံခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိကာ MA-1 (၁) လက်အပါအဝင် လက်နက်ခဲယမ်း အချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထားဝယ်မြို့နယ် ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သား တစ်ဦးကလည်း ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ DNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမအတွင်းရှိ ဆွာဆည် ရှင်းလင်းဆောင်မှာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။