ဓာတ်ပုံ – KNDF

မိုင်းရူပ၊ ဖေဖော်ဝါရီ ၇ ရက်၊ ဘော်လခဲ

ကရင်နီပြည် ဘော်လခဲမြို့နယ် နမ်းဖဲကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီဝန်းကျင်မှာ နမ်းဖဲကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာထဲက စျေးဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စျေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

“ဂျက်ဖိုက်တာနဲ့ ၁ ကြိမ် လာကြဲသွားတာ။ စျေးရောင်းတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ကရင်နီပြည်မှာ လေကြောင်း တိုက်ခိုက်မှု အရင်ကထက် ပိုမိုလုပ်ဆောင်လာတာ တွေ့ရပြီး အရပ်သား သေဆုံးမှုလည်း နေ့စဥ်လိုလို တိုးလာနေပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှာလည်း ဘော်လခဲမြို့နယ် ချိကွဲ့ရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ ဝန်းကျင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ ဘော်လခဲမြို့နယ်မှာ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်- KCSN က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။