လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၇ ရက်၊ နမ့်ဆန်

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းရွာထဲက စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးဆီက သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၇ ရက် မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးသွားတဲ့အပြင် နေအိမ် ၃ လုံးထက်မနည်းလည်း ထိမှန်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“၃ ယောက်သေသွားတာ။ ဦးလေးကြီး တစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက် သေသွားတယ်။ နေအိမ်ကတော့ ၃ လုံးက ဘာမှရစရာမရှိ‌တော့ဘူး။ ကျန်တဲ့အိမ်တွေလည်း ထိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံး ၂ လုံးဟာ ဟိုမိန်းကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသွားသူတွေဟာ အမျိုးသား တစ်ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ဦးနဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ နမ္မတူမြို့မှာရှိတဲ့ အ.ထ.က (၁) ကျောင်းအနားမှာ စစ်ကောင်စီတပ်က အဲဒီဂျက်ဖိုက်တာလေယာဉ်ပဲ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်မှာလည်း နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး ၂ ဦး သေဆုံးခဲ့ပြီး ၃ ဒဏ်ရာရရှိခဲ့ပါတယ်။

၂ ပတ်ကျော်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ဒေသမှာ သေဆုံးသူ ကလေး ၆ ဦးအပါအဝင် ၃၆ ဦးသေဆုံးခဲ့ပြီး ကလေး ၁၀ ဦးအပါအဝင် ၄၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တအာင်းတပ်ဘက်ကတော့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး အရပ်သားလူထုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပြီး လူထုအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။