ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၅ ရက်၊ မင်းလှ

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ခွက်မအုပ်စု ဇရစ်မျှောင်ရွာက အုပ်ချုပ်ရေးမှူး ဦးသန်း‌ထွေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဦးသန်းထွေးဆိုသူကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၂ နာရီခွဲမှာ တပ်ခွဲ ၂ မှ ရဲဘော်တွေက ရင်ဘတ်ကို ၁ ချက်နဲ့ ခေါင်းကို ၁ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“တစ်အိမ်ကို သုံးသောင်း ကောက်တာပါ။ မုဆိုးမအိမ် သက်ကြီးရွယ်အို အိမ်ပါမကျန် ပေးရပါတယ်။ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီက အတင်းအကြပ် ကောက်တယ်။ မပေးရင် ဖမ်းမယ်ဆီးမယ်က ခြိမ်းခြောက်တယ်။ မရှိလို့ တောထဲ တက်ပြီး သစ်ဝါး ခုတ်စားရတဲ့ ဆိုင်ကယ်သမားတွေဆီကလည်း ဆက်ကြေး ကောက်တယ်”

ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် ဦးသန်းထွေးထံ ဖုန်းဆက်ကာ သတိပေးခဲ့ပေမဲ့ စစ်မှုထမ်းကြေး‌ ကောက်တာကို အရင်ကထက် ပိုလုပ်လာတာကြောင့် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းနဲ့အတူ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခုနဲ့ ထောက်ခံစာလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း လက်ပံတန်းမှာ ဒေသခံဆီကနေ စစ်မှုထမ်းကြေး လိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့‌တွေကို ဒုက္ခပေးနေကြတဲ့ စစ်တပ်နဲ့ စစ်တပ် ထောက်တိုင်‌တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်အနီး သွားလာနေထိုင်တာ‌တွေ မပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။