ဓာတ်ပုံ – PNO

အင်းငယ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ဟိုပုံး

ရှမ်းတောင်မှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်- PNO/PNA ပါတီဝင်တချို့ထံ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဆင့်ခေါ်စာ ရောက်ရှိနေကြတယ်လို့ PNO နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ PNA စစ်မှု ထမ်းဆောင်နေသူနဲ့ PNO ပါတီဝင်ကို စစ်မှုထမ်း မခေါ်ယူဖို့ စစ်ကောင်စီနဲ့ သဘောတူညီမှု ရယူထားပေမဲ့ ကျေးရွာတွေမှာ ဆင့်ခေါ်စာ စတင်ရောက်ရှိနေပြီလို့ ဆိုပါတယ်။

PNO နဲ့ နီးစပ်သူတစ်ဦးက “အရင်က စစ်သင်တန်း ပေးတော့ သင်တန်း တက်ရင် စစ်မှုမထမ်းရဘူးဆိုလို့ တက်ကြတယ်။ အဲလူကို ကတ် ပြန်ပေးတယ်။ အဲဒါရှိရင် စစ်မှုထမ်း လွှတ်တယ်။ နောက်တော့ လူကြီးတွေ ပိုက်ဆံယူပြီး သင်တန်း မတက်လည်း ကတ် ရောင်းစားကြလို့ အခု ပြန်သိမ်းလိုက်တယ်။ ကတ် ရှိမရှိ မသိကြတော့ ဆင့်ခေါ်စာ ရောက်လာတာ။ တစ်ကယ် တက်ထားရင် လူကြီးတွေက ရှင်းပေးမယ်ကြားတယ်” လို့ ပြောပါတယ်။

PNO ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းကလည်း ပအိုဝ်းဒေသ နယ်မြေအေးချမ်းရေးအတွက် PNO ပါတီဝင်တွေကို စစ်ကောင်စီရဲ့ စစ်မှုထမ်း ဆင့်ခေါ်မှုအပေါ် မူအနေနဲ့ လက်ခံတယ်လို့ ဖြေကြားထားပါတယ်။

ဟိုပုံးဒေသခံ စစ်မှုထမ်း အကြုံးဝင်သူတစ်ဦးက “သင်တန်း မတက်ဘဲ ကတ် ရထားတာတွေ ပါမယ်လို့ ပြောတယ်။ ပိုက်ဆံပေး ဝယ်ထားတာတွေပေါ့။ ဘာတွေ ဖြစ်လာမလဲ ဆက်စောင့်ကြည့်ရမယ်” လို့ ပြောပါတယ်။

လက်ရှိ ဆင့်ခေါ်စာ ရောက်ရှိသူတွေဟာ လူဦးရေ အနည်းငယ်သာ ရောက်ရှိသေးတာဖြစ်ပြီး ဟိုပုံးမြို့နယ်အတွင်း လူဦးရေ တိတိကျကျ သိရဖို့အတွက် ရွှေဖီမြေသတင်းဌာနက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဟိုပုံးမြို့နယ် လွယ်အွန်းရွာမှာ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ပြည်ပရောက် လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်ထားပြီး ပြန်မလာရင် နေအိမ်တွေ ချိတ်ပိတ်မယ်လို့ PNO က ခြိမ်းခြောက်ထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း PNO က လုပ်ငန်းခွန်၊ ယာဉ်ခွန်လည်း ကောက်ခံနေပြီး အသုံးမပြုတော့တဲ့ ပျက်စီးယာဉ်အတွက်ပါ ငွေကျပ် သိန်းဂဏန်းအထိ ပေးဆောင်ရတာကြောင့် ဟိုပုံးဒေသခံအနေနဲ့ ချေးငှား ဖြေရှင်းနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။