ဓာတ်ပုံ – CJ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၆ နာရီခန့်က သူခိုးတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ပြန်လည် လွတ်မြောက်သွားပါတယ်။

တောင်ကြီးမြို့ မြို့မဈေးတစ်နေရာမှာ ဟိုက်ဂျက်ကားပေါ်က အထုပ်တွေကို ခိုးယူနေချိန် ဈေးသည်အဖွဲ့က လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဈေးသည် အမျိုးသားတစ်ဦးက “သူခိုးဆိုတာ ဟိုလို ဆိုင်ကယ်တွေ ကားတွေ အကြီးစား လိုက်ခိုးတာ မဟုတ်ပါဘူး။ ဟိုဆိုင်ဝင်၊ ဒီဆိုင်ဝင် ကြက်သွန်တွေ၊ ဘာညာတွေ အလစ် သုတ်တာပါ။ မှတ်လောက်သားလောက်အောင် ဓာတ်တိုင်မှာ ချည်ထားပြီးမှ အကုန်လုံးက ဝိုင်းသနားကြလို့ ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

သူခိုးကို စစ်မေးပြီးနောက် ရဲစခန်းအပ်ဖို့ စီစဉ်ရာမှာ ဈေးသည်တွေဘက်က ငွေကြေးကုန်ကျမှု ရှိမှာ၊ အလှုပ်ရှုပ်မှာကို စိုးရိမ်တာကြောင့် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

“စစ်မေးချက်အရတော့ တော်တော်များများ ခိုးပြီးပြီလို့ ဝန်ခံတယ်။ ကားတံခါးလည်း ဖွင့်တတ်တယ်။ သူ့အဖေ လက်ထက်ကတည်းက သူခိုးလို့ သိရတယ်” လို့ ဈေးသည် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့မှာ သူခိုး အများစုကို ဖမ်းမိပြီး ရဲလက်အပ်ခဲ့ကြပေမဲ့ ရဲက အမှုမဖွင့်ဘဲ ပြန်လွှတ်ပေးတဲ့အပြင် ပြစ်ဒဏ် ကျခံနေတဲ့ ရာဇဝတ်သားတွေကိုလည်း တစ်နှစ်တစ်ခါ လွှတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးနေကြတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

တောင်ကြီးမြို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြီးဆုံးချိန်ကတည်းက ပြည်သူ့စစ်အဖွဲ့ များလာပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ခိုးမှု၊ လူယက်မှု၊ ပြန်ပေးဆွဲမှုတွေလည်း တိုးလာနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။