မိုင်းအရှိုင်း၊ ဇူလိုင် ၁၃ ရက်
“ဝ” ပြည်ရှိ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန် ခရိုင်လေးခုကြားမှာရှိတဲ့ UWSA ဂိတ်တွေအားလုံးကို ဖျက်သိမ်းဖို့ ဗဟိုကော်မတီက ညွှန်ကြားလိုက်တယ်လို့ စုံစမ်း သိရပါတယ်။
ဒီလို စစ်ရေးဂိတ်တွေကို ဖျက်သိမ်းလိုက်ခြင်းကပြည်နယ်အတွင်းမှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်စေဖို့ ဖြစ်တယ်လို့ UWSA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။
“ခရိုင် ၄ ခုကြားကဂိတ်တွေ ဖျက်သိမ်းတာမှန်ပါတယ်။ အများပြည်သူ ခရီးသွားအဆင်ပြေစေရေးအတွက်ဖြစ်ပါတယ်။”
“ဝ” ပြည်အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို မနေ့ ဇူလိုင် ၁၂ ရက် ဖျက်သိမ်းလိုက်ပြီး နယ်စပ်ဂိတ်တွေကိုတော့ နယ်စပ်ကုန်သွယ်ရေးအခွန်ကောက်တဲ့ဂိတ်တွေအဖြစ် ဆက်ရှိနေမယ်လို့ ဦးညီရန်းက ဆက်ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။