default

မိုင်းရူပ၊ စက်တင်ဘာ ၁၆ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ပေါ်ရှိ KTVနဲ့ အနှိပ်ခန်းဆိုင်အားလုံးကို ရက်အကန့်အတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မြို့ပေါ်ရှိ KTVနဲ့ အနှိပ်ခန်း ဆိုင်တွေကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့ဘက်က ပိတ်ပင်ဖို့ လိုက်လံသတိပေးပြီးနောက်၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကစပြီး KTV ဆိုင်အားလုံး ပိတ်ထားကြောင်း မိုးကုတ်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“KTV တွေအားလုံး ပိတ်လိုက်ပြီ။ အဲမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေကိုလည်း ပြန်ခိုင်းထားတယ်လို့ ကြားတယ်” လို့ ဆိုပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ မိုးကုတ်မြို့ပေါ်မှာ KTV ဆိုင် ၇ ခုရှိပြီး တအာင်းတပ်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ KTV ဆိုင်အားလုံးကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ဒေသမှာ KTV ဆိုင်တွေ ပိတ်လိုက်တဲ့အပေါ် လူထုအများစု ထောက်ခံကြပြီး တော်လှန်ရေး ကာလပြီးဆုံးသည့်အထိ ပိတ်ပင်ထားဖို့ လူထုတွေက တောင်းဆိုကြပါတယ်။

တအာင်းတပ်ထိန်းချုပ်ထားတဲ့ တခြားမြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ နမ္မတူနဲ့ နမ့်ခမ်းမြို့နယ်တွေမှာလည်း KTV ဆိုင်တွေ ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။