ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၁၉ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွား ၅ ကောင်ထက်မနည်းလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မတ်လ ၁၉ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှာ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာ၊ ပြည်တော်သာရွာနဲ့ စမိတ်ကွင်းရွာ စတဲ့ကျေးရွာသုံးရွာကို Mi 35 ရဟတ်ယာဉ်နဲ့ ဗုံးအလုံးရေအများပြား တိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ပါ အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

“လောလောဆယ် အရပ်သားတစ်ယောက် ခြေထောက်ဒဏ်ရာ ရသွားတယ်။ ကျန်တာက အသေးစိတ် မသိရသေးတော့ ဆက်သွယ်ရေးမရတော့ ဒီထက်ထိခိုက်မူ ရှိနိုင်သေးတယ်။ ပြည်သူပိုင် နွားငါးကောင်လောက် သေတယ်။ ဒဏ်ရာရတဲ့ နွားတွေလည်း ရှိတယ်။” လို့ ပြည်တော်သာကျေးရွာခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ပံချောင်းကျေးရွာနဲ့ ပြည်တော်သာကျေးရွာဟာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအများစုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အခုရက်ပိုင်း ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာဖြစ်ပွားတဲ့ ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီကနေ့ထိ နေရပ်ပြန်လာနိုင်ခြင်း မရှိပါဘူး။

အဲဒီစစ်ဘေးရှောင်တွေဟာ သောက်သုံးရေရှားပါးမူကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးဝါးအကူအညီနဲ့ စားနပ်ရိက္ခာအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်စခန်း တာဝန်ရှိတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။