ဓာတ်ပုံ- CJ

အိုက်ပွီး၊ သြဂုတ် ၁၇ ရက်၊ ကန်ပက်လက်

ချင်းညီနောင်အဖွဲ့- CB ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကန်ပက်လက်မြို့ပေါ်နှစ်နေရာကို နေပြည်တော် အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဒီနေ့ သြဂုတ် ၁၇ ရက် မနက် ၆ နာရီ ၅၅ မိနစ်မှာ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်သွားတာပဲ ဖြစ်ပါတယ်။

“ဂျက်ဖိုက်တာတစ်စီးနဲ့ မြို့ထဲက နှစ်နေရာလောက်ကို ဗုံးနှစ်လုံး ကြဲသွားတာပါ။ လူနေအိမ် သုံးလုံးက လုံးဝ ပျက်စီးသွားပါတယ်။ အဲအနီးနားက နှစ်အိမ်ကလည်း ပျက်စီးသွားတယ်။ တခြားအိမ်တွေလည်း ပျက်စီးမှုရှိတယ်။ လူထိခိုက်မှု မရှိဘူး” လို့ ကန်ပက်လက်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတဲ့နေရာဟာ လူ ရှိမနေတဲ့အတွက် အရပ်သား ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဒီရက်ပိုင်း ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

“အခုတလော လေယာဉ်တွေက တောက်လျှောက် လာနေပါတယ်။ ညဘက်ဆိုလည်း လေယာဉ်သံတွေ ကြားနေရတယ်။ တခါတလေ လေယာဉ်တွေတောင် မြင်နေရတယ်။ ဘယ်နေ့ ဗုံးကြဲမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ အိပ်နေရတယ်” လို့ မတူပီမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က ကန်ပက်လက်မြို့နယ်အပါအဝင် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန်၊ ဖလမ်း၊ တွန်းဇံ စတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

အဲဒီမြို့နယ်အပါအဝင် ချင်းပြည်နယ်တစ်ခုလုံး လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။