ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဧပြီ ၁၃ ရက်၊ မင်းတပ်

သင်္ကြန်အကြိုနေ့ ချင်းပြည်နယ် မင်းတပ်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ပျက်စီးသွားကြောင်း ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“သင်္ကြန်အကြိုနေ့မှာပဲ ဗုံးကြဲသွားတယ်။ ဘုရားကျောင်းကတော့ ပျက်စီးသွားပါတယ်။ အနီးအနားက အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတယ်” လို့ မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဗုံးကြဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ရပ်ကွက်နေ လူထုတွေက ဒီနေ့ညနေပိုင်းမှာ သန့်ရှင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“လူ ထိခိုက်မှုတော့ မရှိလောက်ဘူး။ ကျနော်တို့ မကြည့်ရဲသေးဘူး။ ညနေပိုင်းမှာ ဘုရားကျောင်းထဲကပစ္စည်းတွေ တခြားတစ်နေရာ ပြောင်းရွှေ့တာ၊ သန့်ရှင်းရေး လုပ်တာ တွေ့တယ်” လို့ မင်းတပ်မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဓမ္မဆရာအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။