ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဧပြီ ၁၃ ရက်၊ မင်းတပ်

သင်္ကြန်အကြိုနေ့ ချင်းပြည်နယ် မင်းတပ်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ပျက်စီးသွားကြောင်း ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“သင်္ကြန်အကြိုနေ့မှာပဲ ဗုံးကြဲသွားတယ်။ ဘုရားကျောင်းကတော့ ပျက်စီးသွားပါတယ်။ အနီးအနားက အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတယ်” လို့ မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဗုံးကြဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ရပ်ကွက်နေ လူထုတွေက ဒီနေ့ညနေပိုင်းမှာ သန့်ရှင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“လူ ထိခိုက်မှုတော့ မရှိလောက်ဘူး။ ကျနော်တို့ မကြည့်ရဲသေးဘူး။ ညနေပိုင်းမှာ ဘုရားကျောင်းထဲကပစ္စည်းတွေ တခြားတစ်နေရာ ပြောင်းရွှေ့တာ၊ သန့်ရှင်းရေး လုပ်တာ တွေ့တယ်” လို့ မင်းတပ်မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဓမ္မဆရာအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။