အိုက်ပွီး၊ ဧပြီ ၁၇ ရက်၊ မင်းတပ်

ချင်းပြည်နယ် မင်းတပ်မြို့မှာ မနေ့ ဧပြီ ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မင်းတပ်မြို့ပြင်တစ်နေရာကို ပေါင် ၂၅၀ ဗုံးသီးနှစ်လုံးနဲ့ တစ်နေရာတည်းမှာ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“အိမ်ရှင်တွေ စစ်ဘေးရှောင်ကြတယ်။ အိမ်မှာ ဘယ်သူမှ မရှိကြတော့ လူထိခိုက်သေဆုံးမှုက မရှိဘူး။ ဒါပေမဲ့ အိမ်တွေက အတော်လေးကို ပျက်စီးသွားတယ်။ ပြန်ပြုပြင်ရမယ်။ တစ်နေရာတည်းကိုပဲ ဗုံးသီးနှစ်ကြိမ် ကြဲသွားတာပါ”

မင်းတပ်မြို့မှာ စစ်တပ်က ဒီရက်ပိုင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“မနေ့က လေကြောင်း တိုက်ခိုက်မှုနဲ့ဆိုရင် သင်္ကြန်ကာလမှာ လေကြောင်း တိုက်ခိုက်တာ နှစ်ကြိမ် ရှိသွားပြီ။ အခုထိ လေယာဉ်က တောက်လျှောက် လာနေသေးတယ်။ မြို့ထဲက လူတွေလည်း မြို့မှာ မနေရဲတော့လို့ ပြန်ပြေးနေရတယ်”

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း မင်းတပ်မြို့မနှစ်ခြင်းဘုရားကျောင်း လေကြောင်းကနေ တိုက်ခိုက်ခံရပြီး ဘုရားကျောင်းအပါအဝင် အဆောက်အဦးတချို့ ပျက်စီးသွားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။