ဓာတ်ပုံ- Local

ခိုင်‌လေး၊ မေလ ၄ ရက်၊ ကောလင်း

‎စစ်ကိုင်းတိုင်း ကောလင်းနဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ကောလင်းမြို့နဲ့ ၈ မိုင် ကွာဝေးတဲ့ ဥက္ကံရွာကြီးရှိ စာသင်ကျောင်းကို မနေ့ မေလ ၃ ရက် ည ၉ နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ဝ နှစ်အရွယ် ကလေးငယ်တစ်ဦး (အမျိုးသမီး)နဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဗုံးသီးစ ထိမှန်ကာ ဒဏ်ရာ ရခဲ့တယ်လို့ ကောလင်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”မနေ့ည ၉ နာရီအချိန်လောက်မှာ ချောင်းနားဆေးရုံမှာတစ်ကြိမ်၊ ဥက္ကံစာသင်ကျောင်း အပေါက်ဝအနီးမှာတစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ ဆေးရုံမှာက လူမရှိဘူး ထိခိုက်မှုတော့ မရှိဘူး။ ဒဏ်ရာရတဲ့နှစ်ယောက်က ဥက္ကံစာကျောင်းနား ပစ်ချတုန်းက ဗုံးသီးစ ထိမှန်ဒဏ်ရာ ရတာဖြစ်တယ်”

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ တော်လှန်ရေးတပ်ဖွဲ့ နေထိုင်တာ မရှိတဲ့အပြင် အဲဒီဒေသမှာလည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

‎အလားတူ မတ္တရာမြို့နယ် ရွာတန်းရှည်ရွာ စာသင်ကျောင်းကိုလည်း မနေ့ မေလ ၃ ရက် နေ့လယ် ၃ နာရီခန့်က လေ‌ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မတ္တရာဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”စစ်တပ်က မတ္တရာ အနောက်ခြမ်းကိုဆို လေကြောင်းနဲ့ တိုက်ခိုက်တယ်။ အရှေ့ခြမ်းကိုလည်း လက်နက်ကြီးတွေနဲ့ ထုတယ်။ စစ်တပ်က သူတို့အားသာတဲ့ လက်နက်တွေကို အသုံးပြုပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတယ်”

‎တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ရွာတန်းရှည်ရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။‎

စစ်တပ်ဟာ ‌‌လူထုတွေကို ပစ်မှတ်ထားပြီး ဘာသာရေးအဆောက်အဦး၊ ဆေးရုံတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်ကို သတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။