အိုက်ပွီး၊ ဧပြီ ၃ ရက်၊ ကန်ပက်လက်

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် (ပကဖ)က မနေ့ ဧပြီ ၂ ရက်က ထုတ်ပြန်ပါတယ်။

မနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ ကန်ပက်မြို့ နေရာအနှံ့ကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဗုံးကြဲတာတော့ တောက်လျှောက်ဆိုတော့ ဘယ်နှစ်လုံးမှန်း မသိဘူး။ မြို့အနှံ့ပတ်လည် ကြဲသွားပါတယ်။ အဆောက်အဦး ထိခိုက်ပျက်စီးမှုတော့ အတော်လေး များပါတယ်” လို့ ကန်ပက်လက်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာဟာ အစိုးရအဆောက်အဦးတွေကို ဦးတည် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြို့ထဲက အစိုးရအဆောက်အဦးတွေကိုပဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ပျက်စီးတဲ့နေအိမ်တွေကလည်း အဲဒီအစိုးရရုံးအနီးအနားက နေအိမ်တွေပဲ ဖြစ်ပါတယ်” လို့ နောက်ထပ် ကန်ပက်လက်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး၊ ထွေအုပ်ရုံး ၈ လုံး၊ ခေါနူးသုမ်ရိပ်သာ ၁ လုံး၊ ကျေးလက်ဦးစီးမှူးရုံး ၂ လုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ၁ လုံး၊ မြို့နယ်ရုံး ၁ လုံးနဲ့ မြို့နယ်စီမံကိန်းရုံး ၂ လုံး ပျက်စီးသွားပါတယ်။

ဒါ့အပြင် အရပ်သား သေဆုံးမှု မရှိပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိတယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်ကလည်း ကန်ပက်လက်မြို့နယ် လွန်ဒုံရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။