ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ စဉ့်ကူး
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့ မတ်လ ၁၄ ရက် ည ၇ နာရီကျော်မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာထဲ လူစည်ကားရာ ဈေးဆိုင်တန်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကလည်း လက်ပံလှရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။