ဓာတ်ပုံ- Local

‎ခိုင်လေး၊ မေလ ၁၃ ရက်၊ မန်တုံ

‎တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

‎မနေ့ မေလ ၁၂ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောင်ချမ်းသာရပ်ကွက်က နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”‌အမျိုးသား ၁ ယောက် သေတယ်။ ၆ ဦး ဒဏ်ရာ ရတယ်။ သေဆုံးတဲ့သူက အသက် ၂၀ ဝန်းကျင်အရွယ်ပါ။ တချို့နေအိမ်တွေက ရစရာ မရှိတော့ဘူး။ လုံးဝ ပြာကျပျက်စီးသွားတဲ့အိမ်က ၆ အိမ်လောက် ရှိမယ်။ အိမ်က ၁၀ အိမ်ကျော်လောက် ထိခိုက်တယ်”

‎မနေ့ည ၇ နာရီဝန်းကျင်မှာလည်း တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို လေကြောင်းကနေ နှစ်ကြိမ် ဗုံး ၄ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

‎စစ်ကောင်စီနဲ့ တအာင်းတပ်မတော်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးမှု ပျက်ပြီးနောက် စစ်တပ်က တအာင်းတပ်မတော် ထိန်းချုပ်ဒေသ မန်တုံ၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့နဲ့ နောင်ချိုမြို့နယ်ထဲ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်လာပါတယ်။

‎စစ်တပ်ဘက်က မေလကုန်အထိ ၁ လကြာ အပစ်အခတ် ရပ်စဲကြောင်း သက်တမ်း ထပ်တိုးထားတယ်လို့ ပြော‌ဆို‌ပေမဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ တိုက်ခိုက်နေသလို နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးဘက်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။