ရဲမာန်၊ နိုဝင်ဘာ ၁၉ ရက်၊ ကနီ
စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းအိုရွာအနီးက ယာခင်းတစ်ခုထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတာပါ။ အမျိုးသမီးတစ်ဦး သေပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကနီမြို့မြောက်ခြမ်း ဝင်းမနားရွာက ဆေးရုံတစ်ခုကို စက်တပ်လေထီးနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်မှာလည်း ကနီမြို့နယ် ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။