ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဇူလိုင် ၁၄ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ပိုးဇာနဲ့ ဖော့တောကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဒီနေ့ ဇူလိုင် ၁၄ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပိုးဇာရွာထဲကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် ၆ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့တစ်ရက်တည်းမှာပင် ဖော့တောရွာကိုလည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လာကြဲတာ။ ပိုဇာမှာက လူကြီး ၃ယောက် ကလေး ၄ယောက် စုစုပေါင်း ၇ ယောက်ထိတာ။ ၆ယောက်က ဆုံးပြီ။ တစ်ယောက်က ဆေး‌ခန်းရောက်နေတယ်။ ဖော့တောက ၄ယောက် ဒဏ်ရာရတယ်။ ၁ယောက်က လက်ချောင်းတွေ ပြတ်သွားလို့ ဆေးရုံ ပို့ထားတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ရှိ ၎င်းလက်လွတ်ထားရတဲ့ နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာတွေ မကြာခဏပြုလုပ်နေပြီး အရပ်သားသေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာနဲ့ ဇရပ်ကွင်းရွာ လေကြောင်းနဲ တိုက်ခိုကိခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ တော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်နဲ့ တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။