ရဲမာန်၊ ဒီဇင်ဘာ ၆ ရက်၊ ရွှေဘို

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သစ်ချိုပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာကြောင့် ၇ နှစ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ Wetlet Information Network ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၁ နာရီဝန်းကျင်မှာ တံတားဦးတက် ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၈ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Wetlet Information Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက ရွှေဖီမြေကို ပြောပါတယ်။

“တစ်လုံးက ၇ နှစ်အရွယ်ကလေးအိမ်‌ပေါ်ကို ကျတာ။ ကလေးရော အိမ်ရော တစ်စစီ ဖြစ်သွားတယ်။ လင်မယားနှစ်ဦးဘက်ကတော့ ခါးတွေပြတ်သွားတယ်။ ပစ်သွားတဲ့နေရာမှာက တော်လှန်ရေးအင်အားစုလည်း မရှိသလို စခန်းတည်ဆောက်ထားတာလည်း မရှိဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက်ပစ်သွားတာ”

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၇ နှစ်အရွယ် ဝင်းလဲ့လဲ့ထွန်း၊ ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်းနဲ့ ၃၅ နှစ်အရွယ် မမေလွမ်းသူတို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုနဲ့ ဒဏ်ရာ ရရှိသူအပြင် နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“အခုရက်ပိုင်းဆို ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေက ညပိုင်းမှာ ပြုလုပ်နေတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့ မြေပြင်မှာရှိနေတဲ့ အထိုင်စက်တွေမှာ အော်ပေးနေတဲ့ လေကြောင်း တက်လာတဲ့ သတင်းရယ် လေကြောင်း တက်လာရင် ပုန်းခိုဖို့ ဗုံးခိုကျင်းတွေ တူးထားစေချင်တယ်”

ဒီဇင်ဘာ ၄ ရက်ကလည်း စစ်တပ်က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦးနဲ့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။