ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဒီဇင်ဘာ ၆ ရက်၊ မိုးမိတ်

ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် မြစ်ဆုံရွာကို စစ်ကောင်စီဗုံးကြဲခဲ့ပြီး အရပ်သား ၁၀ ဦးနီးပါးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ မြစ်ဆုံရွာရှိ ကျော်ရတနာဆီဆိုင်အနီးကို စစ်ကောင်စီက ဂျက်လေယာဥ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အပါအဝင် သေဆုံးသူ ၉ ဦးရှိခဲ့တယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကလေးငယ်တစ်ယောက် ကိုယ်ဝန်ဆောင်တစ်ယောက်ပါတယ်။ ကလေးငယ်နှစ်ယောက် ဗိုက်ပွင့်သွားတယ်။ အဒေါ်တစ်ယောက်က အပေါ်ပိုင်းဘဲတွေ့တယ်။အောက်ပိုင်းက မြစ်ထဲပါသွားတယ်။ စုစုပေါင်း ၉ ယောက်သေတယ်။ သဂြိုလ်ပြီးပြီ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေ အများအပြားရှိနေပြီး အရေအတွက်အတိအကျကိုတော့ မသိရ​သေးပါဘူး။

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ကို တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရပြီးနောက် မိုးမိတ်မြို့နယ်ထဲကို စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကို ထိန်းချုပ်ထားသလို မိုးမိတ်- တွင်းငယ်လမ်းပိုင်း မန်းကျည်းပင်ကျေးရွာအထိ ရောက်ရှိနေပြီး မိုးမိတ်- မဘိမ်းလမ်းပိုင်းကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် ညသန်းခေါင်းယံ ၁၂ နာရီဝန်းကျင်မှာ မန္တလေးတိုင်း မိုးကုတ်မြို့အနီး ထင်းရှူးတောင်ရွာကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်​မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။