ပျားကြီး၊ မတ်လ ၁၅ ရက်၊ စဥ့်ကူး

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာ ဈေးတန်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၁၄ ရက် ညနေပိုင်းက လက်ပံလှရွာ ဈေးတန်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူထဲက တချို့ဟာ ဒီနေ့မှာ ထပ်မံ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

“အသက် ၄ လအရွယ် ကလေးအပါအဝင် ကလေး ၆ ယောက် ပါတယ်။ ဒဏ်ရာ အရမ်းပြင်းတဲ့သူတွေထဲက ထပ်ပြီး သေဆုံးတဲ့သူတွေလည်း ရှိတယ်။ အသက်လုနေရတဲ့သူလည်း နည်းနည်းကျန်သေးတယ်ဗျ” လို့အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေး-မိုးကုတ် ကားလမ်းမနဲ့ သပိတ်ကျင်း လမ်းဆုံမှာရှိပြီး အဝေးပြေးကားတွေရပ်နားလေ့ရှိတဲ့ လက်ပံလှရွာမှာ ရာနဲ့ချီတဲ့ဈေးဆိုင် တန်းစီကာ ရှိနေပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် မီးလောင်ပျက်စီးခဲ့သလို ဈေးဆိုင်လည်း ပျက်စီးခဲ့ပါတယ်။

“ဒါဟာ အရပ်သားပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်တယ်” လို့ သမီးတစ်ဦး ဆုံးရှုံးခဲ့ရတဲ့ ဒေသခံ အမျိုးသားကြီးတစ်ဦးက ပြောဆိုပါတယ်။

စစ်ကောင်စီဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မန္တလေးမြို့မြောက်ဖက်က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်က နေရာအများစုကို လက်လွှတ်ဆုံးရှုံးထားရပြီး လက်ရှိမှာလည်း သပိတ်ကျင်းထဲက စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်ရဲ့ ဝိုင်းဝန်းပိတ်ဆို့မှု ခံထားတာကြောင့် အရပ်သားကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် ပြုလုပ်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

မန္တလေးမြို့နဲ့ အနီးဆုံးဖြစ်တဲ့ မတ္တရာမြို့နယ်ထဲမှာလည်း မတ်လ အစောပိုင်းကစပြီး ၁၂၀ မမ လက်နက်ကြီးနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေပြီး မတ်လ ၁၁ ရက် တစ်ရက်တည်းမှာတင် လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၄၈ ကြိမ်အထိ ရှိခဲ့ပြီးတော့ ဒီနေ့ မနက်ပိုင်းလည်း ထုံးဘိုရွာကို လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မတ္တရာဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။