ပျားကြီး၊ ဩဂုတ် ၁၉ ရက်၊ ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်းမှာ ကျေးရွာပေါင်း ၄ ရွာထက်မနည်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ Y12 အမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“အရမ်းကြီး ဆိုးရွားတယ်။ ရွာတည့်တည့်ကို ဦးတည်ပစ်သွားတာ။ သေတဲ့သူတွေရော ခြေထောက် ပြတ်သွားတဲ့သူတွေရော အများကြီးပဲ” လို့ ရှားလှရွာခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုကို ပိုင်း၊ ရှားလှ၊ ဝန်ကြီး၊ ကျွန်းတောရွာတွေဘက် တဆက်တည်း လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုအတွင်း ရှားလှရွာက အဆိုးရွားဆုံး ခံစားခဲ့ရပြီး သေဆုံးအပြင် ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သလို ဝန်ကြီးရွာမှာလည်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်ရှိ ပိုင်း၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတော၊ အိုင်ကြီးနဲ့ ကျွန်းချောင်းရွာတွေကို စစ်တပ်က Y12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကလည်း ရွှေဖီမြေကို ပြောပါတယ်။

“လူနေအိမ် ပျက်စီးပြီး သေဆုံးမှုတွေ များပါတယ်။ ဗုံးသီးက အကြိမ်ရေ နှစ်ဆယ်ခန့်ပါ။ ထိခိုက်ဒဏ်ရာ ရတာလည်း များနေပါတယ်”

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ ရှားလှရွာခံ ၄ ဦးနဲ့ ကျွန်းတောရွာခံ ၃ ဦး ဖြစ်တယ်လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

အခုလို လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆ ထောင်ကျော်ဟာ ဘေးလွတ်ရာဘက် လတ်တလော ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။