ယာရူစိင်၊ ဇူလိုင် ၁၉ ရက်၊ ပုလော
တနင်္သာရီတိုင်း ပုလောမြို့နယ် မိမ္မမြို့ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီမှာ မိမ္မမြို့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်တာအပြင် နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
“မိမ္မမြို့ရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပါဘူး။ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲသွားတာပါ” လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် အမျိုးသား ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်က မိမ္မမြို့ရွာကို ပေါင် ၅၀၀ ဗုံး ၁ လုံး တိုက်ခိုက်ခဲ့တဲ့အပြင် စစ်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။