ဓာတ်ပုံ- ဒီပဲယင်းမြို့နယ် ညီနောင်များ

ခိုင်လေး၊ ဧပြီ ၂၄ ရက်၊ ဒီပဲယင်း

‎စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်လှုပ်ရွာ(လက်လှုပ်တောရွာ)မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎မနေ့ ဧပြီ ၂၃ ရက် မနက် ၁၁ နာရီခန့်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၈၀ အရွယ် အဖွားတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များရဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရွှေဖီမြေကို ပြောပါတယ်။

‎”လေကြောင်း ပစ်ခတ်မှုက ၂ နေရာ။ လက်လှုပ်ရွာမှာက ဘယ်နှလုံးရယ်လို့ အတိအကျ မသိရဘူး။ စိုင်ပြင်မှာတော့ ၂ လုံး ချတယ်။ လက်လှုပ်ရွာက ထိခိုက်မှုတော့ ပြည်သူငါးဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေထဲ ပြင်းထန်သူတွေ ပါတယ်လို့ သိရပါတယ်”

‎အလားတူ ‎ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း ကျခက်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ စစ်ရှောင်သူတစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။

‎ဧပြီလအတွင်း ဒီပဲယင်းမြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၅ ဦး၊ သက်ကြီးရွယ်အို‌‌အပါအဝင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။