ဓာတ်ပုံ- CJ

ပျားကြီး၊ ဧပြီ ၂၁ ရက်၊ မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း အိုင်ဒိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်က မန္တလေးမြို့ရဲ့ အနောက်မြောက်ဖက် ၆ မိုင်ကျော်သာဝေးတဲ့ အိုင်ဒိုင်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“အိုင်ဒိုင်က မင်းကွန်းနဲ့ ပိုနီးတယ်။ ထိတဲ့သူတွေက အခုထိတော့ မသေသေးဘူးပေါ့။ ဒါပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဘုန်းကြီးကျောင်း အဆောက်အဦးတွေ အများကြီး ထိတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အိုင်ဒိုင်ရွာဟာ ငလျင်ဒဏ် အများဆုံး ခံခဲ့ရတဲ့ရွာတွေထဲ ပါဝင်ပြီး လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေး မရသေးတာကြောင့် စားဝတ်နေရေး ခက်ခဲမှု ရင်ဆိုင်နေရချိန်မှာအခုလို လေကြောင်း တိုက်ခိုက်မှုကို ခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပင်ကုက္ကို ဘုန်းကြီးကျောင်းကိုလည်း ဗုံး ၂ လုံး ထပ်မံ ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဧပြီ ၂၀ ရက် ညပိုင်းမှာလည်း စစ်ကိုင်း-မင်းကွန်း ကားလမ်းပေါ်က လက်ပံရွာကိုလည်း စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးနဲ့ ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ပစ်ခတ်သံတွေကို မန္တလေးမြို့ပေါ်က လူထုတွေပါ ကြားခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။