ဓာတ်ပုံ- Local

ပျားကြီး၊ ဧပြီ ၂၁ ရက်၊ ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အိုင့်ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အထဲ ၁ ဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီခန့်က ဆိပ်ဖြူမြို့နယ်အနောက်ဖက်ဆုံး ဆောနယ်စပ်မှာရှိတဲ့ အိုင့်ကြီးရွာအနီးက စစ်ဘေးရှောင် တဲတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“လေယာဥ်လာတော့ အကုန်လုံး ဗုံးခိုကျင်းတွေထဲ ပြေးဝင်ကြတာ ဒုတိယအလုံး ကြဲချတဲ့အချိန် သူတို့က နည်းနည်းနောက်ကျသွားလို့ ထိတာ။ တစ်ယောက်က တော်တော်အခြေအနေ ဆိုးတယ်” လို့ အသက် ၄၈ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေထဲက အသက် ၄၅ နှစ်အရွယ် ဒေါ်ထွေးကြည်ဟာ လက်ဝဲဖက် တံတောင်အောက်ကနေ ဗုံးစက ဖောက်ဝင်ပြီး ရင်အုံအောက်ပိုင်းမှာလည်း ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ဒီနေ့တစ်ရက်တည်းအတွင်း မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက နေရာတချို့ကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။