ရွှေဖီမြေ၊ မတ်လ ၁၈ ရက်၊ စဉ့်ကူး
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို မနေ့ မတ်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ထပ်မံပြုလုပ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့အရပ်သား ပစ်မှတ်ထားပြီး ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာက အရပ်သား ၃၁ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
စဉ့်ကူးမြို့နယ်မှာ ရက်အတော်ကြာ တိုက်ပွဲဖြစ်ပွါးတာ မရှိပေမယ့် စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောပါတယ်။