ဓာတ်ပုံ – PPNM

အင်းငယ်၊ ဖေဖော်ဝါရီ ၅ ရက်၊ ပုသိမ်

ဧရာဝတီတိုင်း ပုသိမ်မြို့က အကျဉ်းထောင်ကို စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ဆောင်နေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဧရာဝတီတိုင်းအထိ စစ်မီး ကူးစက်လာပြီးတဲ့နောက်ပိုင်း သာပေါင်းမြို့ကနေ ပုသိမ်မြို့နယ် မန်ကျီးဇင်ရွာကို လာရောက်တဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် စစ်တပ်က စိုးရိမ်မှုနဲ့အတူ အကျဉ်းထောင်ကို ပိုပြီးတင်းကြပ်လာတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်- PPNM ရဲ့ ရုံးတာဝန်ခံ ဆရာမလင်းက “ဒီလို အခြေအနေသာ အမြဲတမ်း ဆက်တိုက် ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ အာဟာရ ချို့တာ၊ ကျန်းမာရေးထိခိုက်တာလည်း ဖြစ်နိုင်တယ်။ တချို့ မပြေလည်တဲ့သူတွေအနေနဲ့ ဝယ်မစားနိုင်ဘူးပေါ့နော် ပါဆယ်လည်း မပို့နိုင်ဘူး ထောင်က အစားအစာလည်း မစားနိုင်ဘူး ဆိုလို့ရှိရင်တော့ ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ပုသိမ်ထောင်ဝင်စာမှာ ဟင်း ၃ မျိုး၊ ကော်ဖီမစ် ၃ ထုပ်သာ ခွင့်ပြုထားပြီး စာအုပ်နဲ့ ဆေးဝါးကိုတော့ လုံးဝ ပိတ်ပင်ထားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် သုံးရေတွေကိုလည်း ခဲဓာတ် ဖြည့်ထားတာကြောင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားအနေနဲ့ ခဲဆိပ်သင့်ပြီး လမ်းမလျှောက်နိုင်တာ၊ မလှုပ်ရှားနိုင်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ဒါကတော့ အကျဉ်းထောင် အသီးသမီးမှာကိုမှ တခြားရာဇဝတ်အကျဉ်းသားတွေထက် နိုင်ကျဉ်းတွေက ဖိနှိပ်မှု ပိုပြီးခံရတဲ့ အခြေအနေပါ။ ပိုပြီးဆိုးတာက ပုသိမ်ထောင်မှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ ဆန္ဒပြတဲ့ နိုင်ကျဉ်းတွေကို ပစ်ခတ်မှုဖြစ်ခဲ့လို့ ကျဆုံးတဲ့ ရဲဘော်တွေလည်းရှိတော့ ပိုပြီး ဖိနှိပ်တာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ပုသိမ်ထောင်ရဲ့ တွေ့ကြုံနေတဲ့ မြေပြင်လမ်းကြောင်း အခြေအနေအရ ကူညီမယ့်သူအနေနဲ့ အခက်အခဲ ရှိနိုင်တာကြောင့် သတင်းအချက်အလက် စောင့်ကြည့်ပြီး ဝေမျှပေးကြဖို့ နိုင်ကျဉ်းဟောင်းတွေက တောင်းဆိုSpamပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။