ဓာတ်ပုံ- စစ်ကောင်စီ လက်အောက်ခံ ကချင်ပြည်နယ်အစိုးရ

မြတ်နိုး၊ ဇန်နဝါရီ ၁၁ ရက်၊ မြစ်ကြီးနား

စစ်ကောင်စီခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်ဟာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကချင်ပြည်နယ်ရှိ နေရာအများစုကို သိမ်းပိုက်ပြီးနောက် သဘာဝ သယံဇာတကို မျှတစွာ ခွဲဝေအသုံးချဖို့ မူဘောင် ချမှတ်ဖို့လိုကြောင်း မနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

သဘာဝ သယံဇာတ ရင်းမြစ်တွေကို ရေရှည်ထိန်းသိမ်းပြီး မျှတမှန်ကန်စွာ ခွဲဝေ အသုံးချနိုင်မယ့် စီးပွား​ေရးမူဘောင်‌တွေ ချမှတ်ဆောင်ရွက်ဖို့ လိုကြောင်း အဲဒီသဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ရတနာတွေ ပေါကြွယ်ဝပြီး သဘာဝ အရင်းအမြစ်တွေ ထွက်ရှိရာ ပြည်နယ်ဖြစ်ပြီးတော့ သဘာဝ သယံဇာတ အရင်းအမြစ်ကို ရေရှည် ထိန်းသိမ်းနိုင်မယ့် မူဘောင် ချမှတ်ကာ အလေးထား လုပ်ဆောင်ကြဖို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီက နိုင်ငံရဲ့ နိုင်ငံ​ေရး၊ စီးပွား‌ရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ဆောင်ရွက်နေတဲ့ကာလဖြစ်ကြောင်း၊ ဒီမိုက​ေရစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိစေရေးအတွက် တို့တာဝန် အရေးသုံးပါးနဲ့အညီ ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ပြောပါတယ်။

ဒါပေမဲ့ လတ်တလော ကချင်ပြည်နယ်က တိုက်ပွဲ ဖြစ်ပွားတဲ့ ဗန်းမော်၊ မံစီအပြင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့တဲ့နေရာကိုလည်း လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ကချင်ပြည်နယ်နေ့ကို ကချင်စာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မနောအက ဆင်နွှဲခဲ့ပေမဲ့ စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီက ဦးဆောင်ပြုလုပ်လာပြီး ဒီနှစ်မှာ စစ်ကောင်စီ ဖိတ်ခေါ်ထားတဲ့သူ၊ ဖိအားပေး ခေါ်ထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေသာ မနောအက ကကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ကချင်ပြည်နယ်ကောင်စီ ညီလာခံရဲ့ ပထမဆုံး ညီလာခံ အစည်းအဝေး ကျင်းပခဲ့တဲ့ ၁၉၄၈ ဇန်နဝါရီ ၁၀ ရက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီ ၁၀ ရက်ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။