ပုံစာ- ကျားဖြန့် လုပ်ကိုင်သူ ၇၆၂ ဦးကို ၂ဝ၂၄ နိုဝင်ဘာ ၁၉ ရက်မှာ UWSA က တရုတ်ထံ လွှဲပြောင်းပေးခဲ့စဉ်

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၁၆ ရက်၊ တန့်ယန်း

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကြောင့် အိမ်ငှားခ သိန်း ဆယ်ချီအထိ တက်လာနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အရင်က တန့်ယန်းမှာ တစ်လကို အိမ်တစ်အိမ် ငှားခ ၁ သိန်းကနေ ၄ သိန်းအထိသာရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ နောက်ပိုင်းမှာ “ဝ”ဒေသ ပန်ဆန်းမြို့ကနေ ပြောင်းရွှေ့လာတဲ့ ကျားဖြန့် လုပ်ကိုင်သူတွေ ရောက်လာတာကြောင့် အခုလို ဈေးတက်လာတာလို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တရုတ်နဲ့ စစ်ရှောင်တွေဘဲ ငှားကြတာပါ။ “ဝ”ပြည်နယ် ပန်ဆန်းမှာ “ဝ”နဲ့ တရုတ်ရဲ ပေါင်းပြီး ကျားဖြန့်တွေကို လိုက်ဖမ်းတော့ တန့်ယန်းဘက်ကို ပြေးလာတာ အိမ်ငှားခ ဈေးကြီးတာက ပန်ဆန်းဘက်က တရုတ်နဲ့ စစ်ရှောင်တွေ ငှားကြလို့ ဈေးကြီးတာ”

လက်ရှိ တန့်ယန်းမှာ အိမ်ငှားခဟာ ၅ သိန်းကနေ ၁၅ သိန်းအထိ ပေးနေရပြီး ၁၀ ပေ၊ ပေ ၂၀ သာရှိတဲ့ အခန်းတွေကလည်း ၃ သိန်းအထက် ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တစ်လကို ဝင်ငွေ ၃ သိန်းသာရတဲ့ အခြေခံ လူတန်းစားအတွက်ကတော့ အခုလို အိမ်ငှားခက ဈေးမြှင့်တက်လာတာဟာ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့စေတယ်လို့ ၎င်းအမျိုးသားက ပြောပါတယ်။

ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုနဲ့ အဆမတန် မြှင့်တက်နေတဲ့ ကုန်ဈေးနှုန်းဒဏ်တွေကြား အိမ်ငှားခဈေးနှုန်း ပြန်ကျဖို့အတွက် ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။