ဓာတ်ပုံ – CJ

ယာရူစိင်၊ မေလ ၃ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်တို့ ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းနဲ့ နောင်ချိုမြို့တွေကို ဗုံးဆက်တိုက်ကြဲနေပါတယ်။

ဒီနေ့ မေလ ၃ ရက် မနက် ၉ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မနေ့လဲ ကြဲတယ်။ ဒီနေ့ မနက်လဲ ကြဲသွားတယ်။ အမျိုးသားတစ်ဦး ခေါင်းပြတ်သွားတယ်။ ပန်းရံဆရာလို့ပြောတယ်။ ဒဏ်ရာရတာလည်း ရှိတယ်”လို့ မိုးကုတ်မြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၂ ရက် ညနေပိုင်းအချိန်မှာလဲ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်မှုမရှိပေမဲ့ နေအိမ်တချို့တော့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီနေ့ မနက်အထိ ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ မိုးကုတ်မှာ ဗုံးကြဲလို့ သေဆုံးသူ အနည်းဆုံး ၁ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦးရှိပြီး အသေးစိတ်ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မနေ့ ညနေပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် လုံဝယ်ရွာထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဧပြီ ၂၈ နဲ့ ၂၉ ရက်မှာ စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်က လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ မန်တုံမြို့နယ် အတွင်းသို့ ပြန်လည်ဆုတ်ခွါပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။