ဓာတ်ပုံ – Local

ပျားကြီး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ကနီ

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဌော (အရှေ့)ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သံဃာတော် ၁ ပါးနဲ့ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ မုဌော(အရှေ့)ရွာအနီးက ချင်းတွင်းမြစ် ဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“လေယာဥ် လာနေပြီဆိုတာနဲ့ အမြန်ရှောင်နေတဲ့ကြားက ထိကုန်တာပေါ့။ ဒီဇယ် သယ်နေတဲ့အချိန်ဆိုတော့ ဘောက်ဆာကားတွေပါ မီးလောင်ကုန်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နေ့လယ်ပိုင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီဇယ်ဆီ ဘောက်ဆာကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့ပြီး ညနေပိုင်း တိုက်ခိုက်မှုမှာတော့ အထိအခိုက် မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အားလုံးနီးပါးကို စက်သုံးဆီသယ်ယူရောင်းချခွင့် ပိတ်ပင်ထားတာကြောင့် ဒေသတွင်း စက်သုံးဆီ ရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေသခံတွေဟာ စက်သုံးဆီ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ သယ်ယူနေရချိန် အခုလို ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။

ကနီမြို့နယ်ထဲ စစ်ကောင်စီရဲ့ စက်တပ်လေထီး(Paramoter)အပါအဝင် လေကြောင်း တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ထောက်ကြံ့ကုန်း၊ ဆူးလေကုန်း၊ နတ်ကြီး၊ နတ်လာပို့၊ မုဌော စတဲ့ကျေးရွာခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဦးဝန်းကျင် ရှိခဲ့တယ်လို့ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။