ဓာတ်ပုံ – Local

ပျားကြီး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ကနီ

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဌော (အရှေ့)ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သံဃာတော် ၁ ပါးနဲ့ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ မုဌော(အရှေ့)ရွာအနီးက ချင်းတွင်းမြစ် ဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“လေယာဥ် လာနေပြီဆိုတာနဲ့ အမြန်ရှောင်နေတဲ့ကြားက ထိကုန်တာပေါ့။ ဒီဇယ် သယ်နေတဲ့အချိန်ဆိုတော့ ဘောက်ဆာကားတွေပါ မီးလောင်ကုန်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နေ့လယ်ပိုင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီဇယ်ဆီ ဘောက်ဆာကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့ပြီး ညနေပိုင်း တိုက်ခိုက်မှုမှာတော့ အထိအခိုက် မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အားလုံးနီးပါးကို စက်သုံးဆီသယ်ယူရောင်းချခွင့် ပိတ်ပင်ထားတာကြောင့် ဒေသတွင်း စက်သုံးဆီ ရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေသခံတွေဟာ စက်သုံးဆီ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ သယ်ယူနေရချိန် အခုလို ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။

ကနီမြို့နယ်ထဲ စစ်ကောင်စီရဲ့ စက်တပ်လေထီး(Paramoter)အပါအဝင် လေကြောင်း တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ထောက်ကြံ့ကုန်း၊ ဆူးလေကုန်း၊ နတ်ကြီး၊ နတ်လာပို့၊ မုဌော စတဲ့ကျေးရွာခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဦးဝန်းကျင် ရှိခဲ့တယ်လို့ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။