ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ စစ်တွေ

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် စစ်တပ်ရဲ့ တပ်ရင်း၊ ရဲစခန်း၊ ရေတပ်နဲ့ စစ်ရေယာဥ်ရှိတဲ့နေရာကို AA က ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၆ နာရီကလည်း လက်နက်ကြီးကျည်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ည ၆ နာရီလောက်ကစပြီး AA က စစ်တွေမြို့မှာရှိတဲ့ တပ်ရင်း၊ တပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ကလည်း AA တွေရှိတဲ့နေရာတွေကို လက်နက်ကြီးကျည်တွေ အတွဲလိုက် ဒုံးကျည်တွေ ပစ်ခတ်နေပါတယ်။ ည ၉ နာရီလောက်မှာ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏကျွန်း စတဲ့မြို့နယ်တွေမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” လို့ ရခိုင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တွေမြို့နယ်မှာ စစ်တပ်နဲ့ AA တို့ မကြာခဏ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကျေးရွာခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း AA က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူ စုစုပေါင်း၂၀၀ ခန့်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ AA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ကျန်းမာရေး မကောင်းတဲ့သူတွေ၊ အပြစ်မရှိတဲ့သူတွေ ပါတယ်။ ပြီးတော့ စစ်ကောင်စီတပ် ထိန်းချုပ်မှုမှာမရှိတဲ့ မြို့နယ်တွေ၊ ကျေးရွာတွေကဖြစ်တယ်။ အများအားဖြင့်တော့ ရခိုင်ပြည်နယ်တွင်းက ဒေသခံတွေဖြစ်ပါတယ်”

ပြန်လွှတ်ပေးသူတွေထဲ ဒုရဲမှူးကြီးအပါအဝင် အမျိုးသား ၅၁ ဦးနဲ့ အမျိုးသမီး ၁၄၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်အတွင်းကလည်း AA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇၆ ဦးနဲ့ အရပ်သား အကျဥ်းသား ၂၆ ဦး စုစုပေါင်း ၁၄၂ ဦးကို AA က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။