ဓာတ်ပုံ – အင်းလေး PDF၊ အင်းလေး လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့

ပို့လဘား၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ထိခိုက် ပျက်စီးသွားတယ်လို့ အင်းလေး လူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်က ညောင်ရွှေမြို့ ရေပူ(ထီးခို)ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အင်းလေးဒေသ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လေယာဉ်နဲ့ လာကြဲတယ်။ ထိခိုက်မှုတော့ မရှိဘူး အိမ်တွေတော့ ပျက်စီးတယ်။ နေအိမ် ၅ လုံးနဲ့ စာသင်ကျောင်းဆောင် ၁ ဆောင် ပျက်စီးသွားတယ်။ ၁၆ ရက်နေ့က သူတို့ ထိတွေ့မှု ဖြစ်တယ်လို့ ကြားရတယ်။ အခုတော့ ငြိမ်နေတယ်လို့ သိရတယ်”

ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူရွာအနီးကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ PNO တပ်ဖွဲ့ဝင် လေးဦးကို ဖမ်းမိကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်- IPDF က မနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ PNO တပ်ဖွဲ့ဝင်ဟာ ရေပူရွာအနီးကို ထိုးစစ်ဆင်လာတာဖြစ်ပြီး IPDF အမှတ် ၁၀၀၉ တပ်ရင်းနဲ့ ပူပေါင်းတပ်ဖွဲ့ သုံးနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း PNO တပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လေးဦးကိုလည်း ဖမ်းမိထားပြီး သေနတ် ၅ လက်၊ ကျည်ဘောက် ၉ ဘောက်နဲ့ ကျည်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘကခက လေယာဉ်နဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။