ယာရူစိင်၊ ဧပြီ ၂၇ ရက်

‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) အတွက် အိမ်နဲ့ခြံ ဌားပေးရင် အရေးယူမယ်လို့ လားရှိုးပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။

ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)အတွက် ‌နေရာဌားပေးရင် အရေးယူမဲ့အပြင် အိမ်နဲ့ခြံကိုပါ သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

“ကျားဖြန့်နဲ့ ပတ်သက်မှုရှိတာရယ် အိမ်ဌားပေးတာတို့ ဆိုရင်တော့ အရေးယူမယ်။ ပြီးတော့ အိမ် သိမ်းမယ်ပေါ့။ အဲလိုတော့ ထုတ်ပြန်ထားတယ်။ အသေးစိတ်တော့ ကျနော်လဲ မသိရသေးဘူး”

ကျားဖြန့်လုပ်ငန်းမှာ အကူအညီပေးတဲ့ သူတွေကိုတော့ ကျားဖြန့်နဲ့ဘယ်လောက်ထိ ပတ်သက်မှုရှိတာ၊ ပါဝင်မှု ဘယ်လောက်ထိရှိတဲ့အပေါ်ကို အဓိကထားပြီး ပြစ်ဒဏ်ပေးသွားမယ်လို့ ဦးညီရန်းက ဆက်ပြောပါတယ်။

အရင်တုန်းက ‘၀’တပ်ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွင်ကျယ်ခဲ့ဖူးပြီး တရုတ်ရဲ့ဖိအားပေးမှုနဲ့အတူ ကျားဖြန့်လုပ်ကိုင်သူတွေကို ‘၀’တပ်က ပြန်လည်တိုက်ဖျက်ခဲ့ပြီး အချို့က ဖမ်းဆီးခံရပြီး တရုတ်ဘက် ပြန်ပို့ခံခဲ့ရသလို အချို့က ပြောင်းရွှေ့အခြေချသွားခဲ့ပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။