ဓာတ်ပုံ- Facebook (ပုံဟောင်း)

ရွှေဖီမြေ၊ ဇန်နဝါရီ ၄ ရက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- NLD အစိုးရလက်ထက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာ ခက်အောင်အပါအဝင် နိုင်ငံတစ်ဝှမ်း အကျဥ်းချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူ အကျဥ်းသား ၆၀၀ ခန့်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ် လက်အောက်ခံ မီဒီယာတွေမှာ ပြောကြားထားပါတယ်။

စစ်ကောင်စီက ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးပုဒ်မ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူ အကျဥ်းသား ၉,၉၅၈ ဦး ရှိတဲ့အထဲ ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဥ်းသား ၆၀၀ နီးပါးသာ ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းက အကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ အကျဥ်းသူ အကျဥ်းသားပေါင်း ၅,၈၆၄ ဦးကို လွှတ်ငြိမ်းခွင့် ပေးလိုက်တာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁(၁)အရ နောက်တစ်ကြိမ် ပြစ်မှု ကျူးလွန်ရင် အဲဒီပြစ်မှုအပြင် အရင်က ကျခံရမယ့် ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံရမယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းက ဒီမိုကရေစီအရေး လှုပ်ရှားသူပေါင်း သုံးသောင်းဝန်းကျင် (၂၈,၀၉၆ ဦး) ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂ သောင်းကျော် (၂၁,၄၉၉ ဦး)ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို ထိန်းသိမ်းခံနေရသူထဲက ၉ ထောင်ကျော် (၉,၉၅၈ ဦး)တော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ရဲ့ မနေ့ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးလှစော ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း PSLF/TNLA က သဝဏ်လွှာပေးပို့

ရခိုင်လူမျိုးတို့အတွက် အရေးပါပြီးထင်ရှားတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးလှစော ကွယ်လွန်သွားတဲ့အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ကြောင်း ဒီကနေ့ မေလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။