ဓာတ်ပုံ- AA

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၁ ရက်၊ အမ်း

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းသို့ ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်း တိုက်ပွဲအတွင်း သိမ်းဆည်းမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်းတချို့ကို အာရက္ခတပ်တော်- AA က မနေ့ ဇန်နဝါရီ ၂၀ ရက် ညမှာ ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က အမ်း-ပဒါန်း လမ်းမကြီးအနီး အမ်းမြို့နယ်ထဲက ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းရွာအနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်း၊ မကွေးတိုင်း ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ)တပ်ဖွဲ့ဝင်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဘက်က အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ အထိအခိုက် အကျအဆုံးနဲ့သာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ရပြီး တစ်ပတ်ကျော်ကြာ တိုက်ပွဲအတွင်း စစ်သား အလောင်းနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်ရဲ့ နေရာတချို့၊ ပွိုင့် (၃၆၉)ကုန်းနဲ့ ဧရာဝတီတိုင်း ရေကြည်မြို့ ချင်းစုရွာအနီးမှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ထဲကနေ စစ်တွေမြို့အနီးတစ်ဝိုက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်း၊ ရေကြောင်းကနေလည်း နေ့စဉ်နဲ့အမျှ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်တာ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း စစ်တပ်က စစ်တွေမြို့နယ် ကံ့ကော်ကျွန်းရွာကနေ တစ်ဖက်ကမ်းရှိ ဝါဘိုရွာကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဝါဘိုရွာက လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။