ဓာတ်ပုံ- GEM

အိုက်ပွီး၊ မေလ ၁၉ ရက်၊ ဘူးသီးတောင်

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၃၀၀ ကျော်ကို အာရက္ခတပ်တော်- AA က မနေ့ မေလ ၁၈ ရက် နေ့လယ်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဘူးသီးတောင်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရရှိတာ တစ်နှစ်ပြည့်တဲ့ မနေ့ မေလ ၁၈ ရက်မှာ AA က စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

“မနေ့က အခမ်းအနား ကျင်းပပြီး စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးတာပါ” လို့ ဘူးသီးတောင်မြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီစစ်သုံ့ပန်းတွေဟာ ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စကခ ၁၅ နဲ့ ခမရ ၅၅၁ စခန်းသိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ ဖြစ်ပါတယ်။

ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းတွေဟာ ဘူးသီးတောင်မြို့နယ်ဇာတိနဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်၊ မြို၊ ခမီး၊ ဒိုက်နက် စတဲ့လူမျိုးတွေ ဖြစ်ပါတယ်။

“အကုန်လုံးက ရခိုင်ပြည်နယ်က လူမျိုးတွေပါ။ ဘူးသီးတောင်မြို့နယ်ကဆိုရင် မိသားစုဝင်တွေက လာခေါ်ကြပါတယ်။ ဗမာတွေတော့ မပါသေးဘူး။ ကလေးတွေ၊ အမျိုးသမီးတွေ များတယ်” လို့ ဘူးသီးတောင်မြို့နယ်မှ နောက်ထပ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

နေရပ်ပြန်ဖို့အတွက် အဆင်ပြေတဲ့မြို့နယ်က စစ်သုံ့ပန်းတွေကို ဦးစားပေး လွှတ်ပေးတာဖြစ်တယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ပြည်မဘက်က လူတွေဆို နေရပ်ပြန်ဖို့ အဆင်မပြေဘူး။ တစ်ဖက်မှာလည်း စကစက ရှိနေသေးတယ်။ အဲဒါကြောင့် သူတို့ကို ပြန်မလွှတ်ပေးသေးတာပါ။ ကိုယ့်ရခိုင်ဘက်ကဆို AA က ထိန်းချုပ်ထားတဲ့အတွက် ပြန်ဖို့ အခက်အခဲ မရှိဘူး။ အဆင်ပြေကြတယ်” ဆိုပြီး AA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာလည်း ဘူးသီးတောင်မြို့နယ်မှာ AA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ရာနဲ့ချီ ရှိနေသေးပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၂၅ ဦးကို AA က ပြန်လွှတ်ပေးလိုက်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။