ခိုင်လေး၊ ဇန်နဝါရီ ၂၄ ရက်

စစ်စည်းကမ်း ချိုးဖောက်ပြီးတော့ စစ်သုံ့ပန်း ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်ကို အရေးယူထားတယ်လို့ အာရက္ခတပ်တော်- AA က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၇ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တောမြို့ထဲက စကခ ၉ ဌာနချုပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ချိန်မှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ဖြစ်တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရွှေဖီမြေကို ပြောပါတယ်။

“စစ်စည်းကမ်း ချိုးဖောက်ပြီးမှ ပြစ်မှု ကျူးလွန်တာ။ ဘာကြောင့်လဲဆိုရင် တစ်ချိန်တုန်းက သူတို့ရဲ့ မိသားစုတွေကို မတရား ဖမ်းဆီးသတ်ဖြတ်ထားတဲ့ အကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ ကျနော်တို့‌ရဲ့ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသ မထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်း ချိုးဖောက်တာ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်”

ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တပ်မှူးအပါအဝင် ပါဝင်သူအားလုံးကို AA က ဖော်ထုတ်ပြီး အပြစ်ပေး အရေးယူထားတယ်လို့ ဦးခိုင်သုခက ဆက်ပြောပါတယ်။

စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးကျင့်ဝတ်ကို လိုက်နာဖို့အတွက် သင်တန်းမှာကတည်းက စနစ်တကျ ပို့ချထားတာရှိပြီး စစ်မြေပြင်မှာလည်း လိုက်နာလုပ်ဆောင်ဖို့အတွက် အတိအကျ ညွှန်ကြားထားကာ အကောင်းဆုံး လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြောပါတယ်။

လက်ရှိ ဖြစ်ရပ်တစ်ခုတည်းကိုသာကြည့်ပြီး ရာထောင်ချီတဲ့ စစ်သုံ့ပန်းကို ဆေးဝါး ကုသပေးပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားတာကို မမေ့ဖို့နဲ့ မြင်အောင် ကြည့်ဖို့လည်း လိုအပ်ကြောင်းနဲ့ AA က ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံးဝ လက်မခံတဲ့အပြင် ကျူးလွန်သူ‌တွေကိုလည်း အပြစ်ပေး အရေးယူသွားမှာဖြစ်ပြီး အခုလိုကိစ္စမျိုး မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး- ICC အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights အဖွဲ့က မနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။